Friday 12 August 2011

DAY TWO

Ontario ပြည်နယ်က ဗျက်ကျယ်တော့ သူ့ထဲက ထွက်ဖို့တင်ကို တစ်ရက်လောက် အချိန်ယူရပါတယ်။ လမ်းတစ်လျှောက် ဘယ်ညာမှာတော့ ရေအိုင်တွေ ပေါ်တဲ့အပြင် ချောင်းတွေလည်း မကြာခဏ ဆိုသလို ဖြတ်စီးနေတာတွေ့ရတယ်။ ဒါပေမယ့် သိပ်လှတဲ့ မြင်ကွင်းမျိုးတော့ မရှိ့ဘူး။

 မှန်ကားမြင်ကွင်း


အဲဒီနေ့အတွက် ညနေစာကတော့ -

မှိုဟင်းချို

ငါးနဲ့ကညွတ်
ချောကလတ်ကိတ်
မနက်စာနဲ့ညစာတော့ ဓါတ်ပုံရိုက်ဖို့ မေးသွားတယ်ဗျာ။
နေ့လယ်လောက်မှာတော့ Hornepayne ဆိုတဲ့ မြို့လေးမှာ မိနစ် ၂၀လောက်နားပါတယ် -
မြို့တော်ခန်းမ

ဘုရားကျောင်း
ရထာားတွဲ


Prairie ဆိုတဲ့ဒေသ 
ညနေစောင်းတော့ Manitoba ထဲ စ၀င်ပါတယ်။ စ၀င်တာနဲ့ ရထားဝန်းထမ်းက စပီကကနေ Central time zone ထဲရောက်လာပြီ ဖြစ်တဲ့အတွက်၊ ထမင်းစားပြီးတာနဲ့ နာရီကို တစ်နာရီ နောက်ဆုတ်ဖို့ အကြောင်းကြားပါတယ်။ 

ရှုခင်းအနေနဲ့ကတော့ prairie ဒေသဆိုတဲ့အတိုင်း ပတ်ပတ်လည်လည် မြက်ခင်းစိမ်းစိမ်းတွေ၊ ကြိုကြားကြိုကြားဆိုသလို မျက်စေ့တစ်ဆုံး လယ်ကွင်းတွေ၊ စားကျက်ချထားတဲ့ နွားအုပ်တွေ၊ ပြေးလွှားနေတဲ့ မြင်းတွေနဲ့ဆိုတော့...ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ Little house on the prairie တီဗီဇာတ်လမ်းကို သွားသတိရမိတယ်။ 



No comments:

Post a Comment