Friday 12 August 2011

လှိုင်းလေထန်တဲ့ပစိဖိတ်အနောက်ကမ်းနဲ့ရောင်စုံအိုင်တို့ရှိရာရော့ကီး

ကျွန်တော် အခုရေးမယ့် ခရီးစဉ်ကတော့ ကနေဒါ အနောက်ဘက်ကမ်းနဲ့ရောကီးဒေသ ခရီးစဉ်အကြောင်းပါ။ လှိုင်းထန်တဲ့ ပစိဖိတ်သမုဒ္ဒရာကနေ၊ ၁၂ရာသီနှင်းဖုန်းတဲ့တောင်တွေ၊ ရောင်စုံအိုင်တွေရှိတဲ့ ရောကီးတောင်တန်းဒေသအကြောင်း ဖြစ်ပါတယ်။

ဘော်ဒါအပေါင်းအသင်း အညွှန်းကောင်းလို့ သွားတယ်လို့ မထင်လိုက်နဲ့။ စကားစပ်မိလို့ ခရီးသွားတဲ့အကြောင်းရောက်သွားရင် သူတို့စီက ကရေဘီယမ်တို့လို ကမ်းခြေလှလှရှိတဲ့ နိုင်ငံမျိုးအကြောင်းတွေဘဲ ကြားရတယ်။ ကနေဒါ အရမ်းအေးတာကြောင့်လည်း ပါမှပေါ့။ ဘယ်လိုလုပ်ပြီး သွားဖို့စိတ်ကူးပေါက်လည်းဆိုတာ ပြောရရင်တော့ ရယ်ကြလိမ့်မယ်ဗျ...ဘာကြောင့်လဲဆိုတော့ photoshop နဲ့ အမိုက်စားပြင်ထားတဲ့ desktop wallpaper တွေ့ကြည့်ရင်းကနေ သွားခြင်စိတ်ပေါက်သွားလို့ပါ။ ဒါနဲ့ဘဲ အခွင့်သာတဲ့ ဇူလိုင်လထဲမှာအားတာနဲ့ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။



စခါစကတော့ တိုရန်တိုကနေ လေယာဉ်နဲ့ ဗန်ကူးဘားမြို့ အရင်ဆုံးသွားမလို့ဘဲ၊ ဒါပေမယ့် redflagdeals ဖိုရမ်ထဲကနေ VIA Rail က အထူးလျှော့ဈေးပေးနေတာ ကြားတာနဲ့ ရထားဘက် ရောက်သွားတယ်။ ဒါနဲ့ ဈေးနှုန်းကြည့်ကြည့်လိုက်တော့ အိပ်စင်တန်းကို အစားအသောက်အပြီးအစီး အခွန်ရောပါပြီးမှ လေယဉ်လက်မှတ်ထက်တောင် သက်သာတော့..မဆိုးဘူးဘဲလို့ ထင်လိုက်တယ်။ ရက်တော့ ပိုကြာတော့ပါဗျာ။ ဒါပေမယ့် အချိန်လည်းပေးနိုင်တာနဲ့၊ trans-canada အတွေ့ကြုံရအောင်လို့ ဇွန်လ ၂၈ရက်နေ့ထွက်မယ့် ရထားမှာ ၀ယ်ဖြစ်သွားတယ်။ ပုံမှန်ဈေးနဲ့ဆိုရင်တော့ မသွားနိုင်ဘူးဗျို့။ ဘာလို့လဲဆိုတော့ ဒီလက်မှတ်ကိုဘဲ လေယာဉ်လက်မှတ် သုံးဆလောက်ဆိုတော့ အရမ်းဈေးကြီးလွန်းတယ်။

အားမနာတန်း ကို့ကိုယ်ကို ဝေဖန်ရရင် ကျွန်တော် စနစ်လုံးဝမကျဘူးဗျ...ရထားလက်မှတ်သာ ၀ယ်လိုက်တာ အဲဒီအချိန်ထိ ကျွန်တော့မှာ ခရီးစဉ်ဆိုတာ တိတိကျကျကိုမရှိသေးဘူး။ လက်မှတ်ဝယ်ပြီးတဲ့အခါကျမှ tripadvisor လို ဖိုရမ်မျိုးထဲသွားပြီး သွားသင့်နေရတွေ၊ အဲဒီနေရာတွေ ဘယ်လိုသွားရမလဲဆိုတာတွေ အလောသုံးဆယ် မေးဖြစ်တယ်။ သူတို့စီက ရလာတဲ့ recommendation ပေါ်မူတည်ပြီးတော့ ခရီးစဉ်ဆွဲဖြစ်တယ့်ပေါ့ဗျာ။ နောက်ပြီးတော့ ဘယ်လောက်ကုန်မလဲ ကြိုသိအောင်လို့ ကိုယ့်လုပ်မယ့် activities ကုန်ကျစရိတ်တွေ၊ တစ်နေရာနဲ့ တစ်နေရာ ကူးတဲ့ ကားခသင်္ဘောခတွေ၊ နေစရိတ်၊ စားစရိတ်တွေကို အကြမ်းဖြင်း စာရင်းလုပ်ဖြစ်တယ်။ တစ်ချိန်ထဲမှာဘဲ Backpacking ခရီးစဉ်မျိုးအတွက် သင့်တော်တဲ့ အ၀တ်အစားမျိုးတွေ online ပေါ်မှာ research လုပ်နေတယ်။ ပြီးတာနဲ့ ၀ယ်ရမယ့် ပစ္စည်းတွေကို စားရင်လုပ်ပြီးတော့ ရှော့ပင်းထွက်ဖြစ်တယ်။ Backpacking ခရီးမျိုးထွက်တာ ဒါပထမဦးဆုံးအကြိမ်ဆိုတော့ ကျောပိုးအိတ်ကအစ၊ Hiking shoes အဆုံး အကုန်ဝယ်ရတယ်။ ပြောရရင် ကိုယ့် ပိုက်စံအိပ်ကိုတောင် သနားသွားတယ်။

 ရထားခရီးစဉ်(အပြာလိုင်း)

No comments:

Post a Comment