Sunday 14 August 2011

DAY FOUR - EDMONTON

ဒီနေ့မနက် ၇နာရီလောက် မှာတော့ Edmonton မြို့သို့ ဆိုက်ပါတယ်။ မိုးတွေကတော့ ညိုလို့ပေါ့ဗျာ။ မိုးတွေညိုနေပေမယ့် အထဲမှာ နေတာကြာတော့ ညီးစီစီဖြစ်လာတာနဲ့ လေကောင်းလေသန့် ရှုရှိုက်ဖို့အတွက် ထွက်လာလိုက်တယ်။ အပြင်လည်းရောက်ရော တိုက်တဲ့လေကပါ အေးနေတာနဲ့ အထဲပြန်ဝင်ပြီး အနွေးထည် သွားယူလိုက်ရသေးတယ်။




ဒီမြို့ရဲ့ထူးခြားချက်က ဘူတာရုံက မြို့ထဲမှာဆိုပေမယ့် ပတ်ဝန်းကျင်က မြို့ပြင်လိုဘဲ..ချောက်ကပ်ကပ်နဲ့။ နောက်ပိုင်း ခရီးတစ်ဝက်ကြိုးလောက်ရောက်တော့ လမ်းမှာတွေ့တဲ့ မြို့ခံမေးကြည့်တော့မှ မြို့က အရမ်းပြန့်နေတာကြောင့် ဆိုတာသဘောပေါက်သွားတယ်။ နောက်တစ်ချက်က မြို့ကြီးသားဆိုတာ ဘူတာရုံက တကယ် နယ်မြို့ဘူတာသာသာလောက်ဘဲရှိတယ်။( ပုံတော့ မရိုက်ခဲ့မိလိုက်ဘူးဗျာ။) သေးသေးလေးရယ်။

ကိုယ့်လိုဘဲ လေထွက်ရှုနေကြတဲ့ ခရီးသည်နှစ်ယောက်

ဒါကတော့ ကျွန်တော်နေတဲ့ အတွဲ
ရထားရပ်ပြီး ခဏနေတော့ Rockies ရှုခင်းတွေ လူစေ့ကြည့်လို့ရအောင်ဆိုပြီးတော့ မှန်းကားတွဲ နောက်တစ်တွဲထပ်ဖြည့်ပါတယ်။ ဒီမှန်တွဲကတော့ အရင်မှန်တွေထက် ပိုထူးခြားပါတယ်။ ခြေထောက်ချစရာ နေရာလွတ် ကျယ်ကျယ်လွန့်လွန့်ရှိတဲ့အပြင်ကို ခုံတွေက ပိုကြီးတော့ ဇိမ်တော်တော်ကြပါတယ်။ အရင်မှန်တွဲလို နှစ်ထပ်မဟုတ်တော့(အောက်ကနားနေခန်း၊အပေါ်ကမှန်ခန်း) နှစ်ထပ်စာကို တစ်ထပ်ထဲကနေရာယူထားတော့ အသက်ရှုလည်း ချောင်တယ်ပေါ့ဗျာ။  ဒါ့အပြင်ကို မှန်တစ်ချက်နဲ့တစ်ချက်ကြား ဘောင်ကလည်း ပါးပါးလေးဆိုတော့ အတွဲအပေါ်ပိုင်းတစ်ခြမ်းလုံးက မှန်အပြည့်လိုဖြစ်နေတယ်။ အဲဒီတော့ မှန်ဘောင်တွေ မြင်ကွင်းကို ကာနေတာမျိုးမရှိတော့ ရှုခင်းကြည့်ရတာ ပိုကောင်းတယ်ပေါ့ဗျာ။

အဲဒီ မှန်တွဲဆက်ပြီး မကြာပါဘူး..အကြောဆန့်ဖို့ ထွက်သွားတဲ့ အမျိုးသမီးတစ်ယောက် သူအတွဲနေရာမှာ မှန်တွဲသစ်ရောက်နေလို့ သူ့အတွဲဘယ်မှာလဲ လူတကာ လိုက်မေးနေတာ တွေ့လိုက်တယ်။

ခဏနေတော့ ရထား ဥသြစွဲတာနဲ့ ဓါတ်ပုံ ကမှန်းကတန်း ရိုက်ပြီး ပြန်တက်လာလိုက်တယ်။



မှန်ကားသစ်
မှန်ကားသစ်





No comments:

Post a Comment