Sunday 21 August 2011

DAY FOUR - TO JASPER

၁၀နာရီဝန်းကျင်လောက်ရောက်တော့ Rockies နယ်မြေထဲစ၀င်ပါတယ်။ ဒီနယ်မြေထဲ ၀င်တယ်ဆိုရင်ဘဲ ဘယ်ညာတစ်လျှောက်မှာ နှင်းဖုန်းနေတဲ့ တောင်တွေ စတွေ့လာရပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် အစိမ်းရောင်ရေကန်တွေ....တစ်ချို့အပိုင်းတွေမှာဆို ရထားလမ်းက တောင်စောင်းတစ်လျှောက် မြွေလိမ်မြွေကောက်ပြေးနေသလို၊ အဲဒီ ရထားလမ်းတစ်လျှောက်မှာ မြစ်တွေကလည်းအပြိုင် စီးနေလို့....တစ်ချို့နေရာတွေမှာကြတော့ လှိုဏ်ဂူတွေထဲ ၀င်လိုက်ထွက်လိုက်နဲ့...ပြောရမယ်ဆိုရင် အရင်ဖြတ်လာခဲ့တဲ့ ပြည်နေတွေထက် ပိုဆန်းတယ်ပေါ့ဗျာ။ ရာသီဥတုကလည်း ကောင်း၊ ရှုခင်းကလည်းလှမလှဆိုတော့ နေခင်းနေ့လယ် တရေးတမော အိပ်တဲ့သူတွေတောင် မှန်ကားထဲမှာ ငှေးနေတာကိုတွေ့ရတယ်။




အဲဒီနေ့အတွက် မနက်စာကတော့ -

Salmon potato pancake

Jasper မြို့မှာ တစ်နာရီကျော်ကျော်နားတဲ့အတွက်ကြောင့် သူ့ကြီးဘဲကို ခေါင်းစဉ်သက်သက်နဲ့ မနက်ဖြန်မှ ဆက်ရေးပေးပါမယ်။ 

No comments:

Post a Comment