Thursday 25 August 2011

DAY FOUR - JASPER TO VANCOUVER

ရထားပေါ်ပြန်ရောက်တော့ Jasper မှာ တက်တဲ့ ခရီးသည်တွေနဲ့ရောပြီးတော့ ကျွန်တော်တို့လို့ ခရီးသည်ဟောင်းတွေကိုပါ နားနေခန်းထဲမှာ champagne ရယ် Hors d'oeuvre ရယ်နဲ့ ထပ်ဧည့်ခံပါတယ်။ စခါစကတော့ အားနာနာနဲ့ တစ်ခုဘဲယူရာကနေ စားပွဲထိုးမလေးက ထပ်ယူမလားမေးတာနဲ့ ကျွန်တော်လည်း နောက်တစ်ခု ထပ်ယူဖြစ်လိုက်တယ်။

Champagne

 
Hors d'oeuvre(Shrimp and Salmon)
Jasper ထဲစ၀င်တုန်းကလိုဘဲ Jasper ကနေ Vancouver လမ်းတစ်လျှောက်လုံးမှာလည်း တောင်တွေမြစ်တွေနဲ့ သဘာဝရှုခင်း တော်တော်ကောင်းပါတယ်။ သတိထားမိတဲ့ ကွာတဲ့အချက်တွေကတော့ Jasper ထဲနဲ့ သူနဲ့ နီးစပ်တဲ့နေရာတွေမှာ အပင်ဆိုလို့ ထင်းရှုးပင်တွေဘဲ အဓိကပေါက်ပါတယ်။ Rockies ဒေသမို့လို့ မြေသြဇာ သိပ်မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တောင်ကျတော့လည်း သူနဲ့သူအနီးတစ်ဝိုက်မှာ နှင်းဖုန်းတဲ့ တောင်တွေ ပေါ်ပေမယ့် Vancouver မြို့ရဲ့ ပြည်နယ် British Columbia ထဲမှာကျတော့ တောင်တွေပေါ်မှာ နှင်းသိပ်မတွေ့ရတော့ပါဘူး။ ဒါပေမယ့် British Columbia ထဲမှာကျတော့ မြစ်တွေပိုပေါ်တဲ့အပြင် ပိုလည်းကျယ်တာ သတိထားမိတယ်။ အပင်ကျတော့ British Columbia ထဲမှာ ထင်ရှုးပင်အပြင် တခြား အပင်တွေလည်း တွေ့ရပါတယ်။ ဒီနေရာမှာ တူတဲ့အချက်တစ်ချက်က ဒေသနှစ်ခုလုံးရဲ့ ထင်ရှုးပင်တော်တော်များများကတော့ pine beetle ထင်ရှုးပိုးလက်ချက်နဲ့ အ၀ါရောင်တွေ လွှမ်းနေပါတယ်။
 Pyramid Falls

 Mt.Robson

ဆက်ဆက်မိလို့ pine beetle အကြောင်းပြောရရင် သူတို့အပြောအရ ဒီပိုးက အအေးဒဏ်ကို တော်တော်လေးကို ခံနိုင်တဲ့ပိုးမျိုးပါ။ Rockies ၀န်းကျင်မှာ ဆောင်းတွင်း ပျမ်းမျှအပူချိန် အနှုတ်၂၀ရှိတာတောင် သူတို့ ဘာမှမဖြစ်ပါဘူး။ တခါတလေ အနှုတ်လေးဆယ်အထိ အေးတဲ့နေ့တွေမှာတော့ ခဲသွားတတ်ပါတယ်။ အပူချိန်ပြန်ပြီး တတ်တဲ့အခါကျမှ သူတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ anti-freeze chemical သုံးပြီးတော့ ပြန်အသက်ရှင်ကျပါတယ်။ ဒီအအေးဒဏ်နဲ့ သေဘို့အတွက်ဆိုရင် အနှုတ်လေးဆယ်အောက်မှာ ၂ရက်လောက်ရောက်မှ သေနိုင်တယ်လို့ပြောပါတယ်။ အခုထိတော့ ကနေဒါအစိုးရလည်း ဒီပိုးကို အမြစ်ဖြတ်နိုင်တဲ့နည်း မတွေ့သေးပါဘူးတဲ့။ လောလောဆယ်တော့ အမျိုးသမီးတစ်ယောက်က Denim pine တံစိတ်နဲ့ ပိုဆွဲပြီး အပြာရောင်သန်းနေတဲ့ ထင်ရှုးသားတွေကို ပရိဘောဂလုပ်ပြီး ရောင်းနေပါတယ်တဲ့......တနည်းအားဖြင့် အရှုံးထဲက အမြတ်ပေါ့ဗျာ။

Soup and Dinner Roll (ညစာ)

 Salad(ညစာ)

A Rack of Lamb, Scalloped Potato, Steamed Vegetables(ညစာ)

British Columbia နေ၀င်ချိန်


No comments:

Post a Comment