Friday 12 August 2011

ပြီးလွယ်စီးလွယ်နိဒါန်း

စာရေးရင် နိဒါန်းလေးတော့ ပါမှဖြစ်မှာဆိုတော့ ကဲနိဒါန်းပျိုးရရင်ဖြင့် - ကျွန်တော် ဘလော့မရေးဘူးပါ။ အဲဒီတော့ ဘလော့တစ်ခုမပိုင်ဘူးဘူးဆိုပါတော့။ အမှန်အတိုင်းပြောရရင် စားရေးရမှာကို ပျင်းတယ်လို့ပြောရင်ကို မမှားဘူးရယ်။ အခုဘလောက်ရေးဖို့ အကြောင်းပေါ်လာတာကတော့ ကျွန်တော့ ခရီးသွားတာဝါသနာပါတယ်၊ အဲဒါကြောင့် ခရီးထွက်ဖြစ်တယ်။ ကိုယ်တွေ့ခဲ့တာတွေ၊ ကြုံခဲ့တာတွေကို ကိုယ့်လိုဘဲ ခရီးသွားဝါသနာပါတဲ့သူတွေကို ပြန်ပြီးဖောက်သည်ချခြင်တဲ့ ဆန္ဒလေးရှိတယ်။ ဒီဆန္ဒကို အကောင်ထည်ဖော်ဖို့ဆိုရင် စားရေမှဖြစ်မှာပါ။ ဒါနဲ့ဘဲ ဒီခရီးသွားမှတ်တမ်း ဘလော့လေး ထောင်ဖြစ်တယ် ဆိုပါတော့။ တစ်ခုကြိုပြောထားခြင်တာကတော့ စာရေးသားမကျတဲ့အတွက်ကြောင့်မို့ အရေးအသားမပြေပြစ်တာတွေ၊ ဖတ်ရတာ အဆင်မပြေတာတွေ ပါပါလိမ့်မယ်။ ဒီ့အတွက်တော့ မိတ်ဆွေတို့ကို ကြိုတင်ပြီး တောင်းပန်ထားပါရစေ။

No comments:

Post a Comment