Saturday 13 August 2011

DAY THREE

တတိယမြောက်နေ့ မနက်၉နာရီဝန်းကျင်လောက်မှာ Manitoba မြို့တော် Winnipeg မြို့ကို ရောက်ပါတယ်။ ဒီမြို့မှာ ရထား servicing ၀င်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လျှောက်လည်ဖို့အတွက် ၂နာရီခွဲအချိန်ရမယ်ဆိုတာ မနေ့ကထဲက ကြိုပြောထားတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လျှောက်လည်ခြင် လျှောက်လည်လို့ရသလို၊ ဘယ်နေရာ သွားလည်ရကောင်းမှန်းမသိတဲ့သူတွေအတွက်တော့ ဘူတာမှာ အသင့်စောင့်နေတဲ့  တိုးဂိုက်စီကနေ တိုးလက်မှတ်ကို ဒေါ်လာ၃၀နဲ့လည်း ၀ယ်လို့ရပါတယ်။ စမ်းတ၀ါးဝါးနဲ့ မသွားခြင်တော့တာနဲ့ ကျွန်တော်ကတော့ တိုးဂိုက်နဲ့ဘဲ လည်ဖို့ဆုံးဖြတ်လိုက်တယ်။

Winnipeg ဘူတာရုံ

 ဘူတာရုံကနေ ထွက်ထွက်ခြင်း ကားပေါ်ကနေမြင်ရတဲ့ Fort Garry Hotel


Red River နဲ့ Assiniboine River မြစ်တို့ဆုံတဲ့နေရာ(The Forks)နားက ပွဲတွေလုပ်တဲ့ Public space 

လျှံလုနီးနီးဖြစ်နေတဲ့ The Forks

Indian တွေ ဘာသာရေးအခမ်းအနားလုပ်တဲ့ Oodena Celebration Circle

Oodena Celebration Circle မှတ်တမ်းစတီးပြား

Celebration circle ကို ၀ိုင်းထားတဲ့ နက္ခတ်ကြည့် ကရိယာများထဲမှ တစ်ခု

Manitoba ပြည်နယ် တည်ထောင်သူ Louis Riel ရဲ့ အထိမ်းအမှတ်ကျောက်တိုင်

St.Boniface ဘုရားကျောင်း မုခ်ဝ

ဘုရားကျောင်းအတွင်းပိုင်း

ဒီမြို့မှာ ခဏခဏ ရေကြီးတဲ့ ပြဿနာရှိတဲ့အတွက်ကြောင့်မို့လို့ ရေလွှဲမြောင်းတွေ အများကြီး ဖောက်ထားရပါတယ်။ တခါကဆို Louis Riel အုတ်ဂူနေရာအထိ ရေက ရောက်လာနိုင်တဲ့ အတွက်ကြောင့်မို့လို့ ဂူကို ဖော်ပြီးတော့ နေရာရွှေ့ရတဲ့အဆင့်ထိအောင်ပါဘဲ။

အဲဒီနေ့အတွက် မနက်စာကတော့ ရထားနားတဲ့အချိန် ကို့ယိုးကားယားမို့လို့ စာဖိုမူးတွေ မချက်နိုင်တဲ့အတွက်ကြောင့် muffin နဲ့ ကော်ဖီနဲ့ဘဲ ကျေနပ်လိုက်ရတယ်။ နေ့ခင်းနဲ့ညအတွက်ကတော့....

Creamy mushroom soup (Brunch)

Salmon sandwich (Brunch)

*အချိုပွဲတော့ရိုက်ဖို့မေ့သွားတယ်*

French onion soup (Dinner)

Duck with rice (Dinner)

Carrot cake (Dinner)

Wine ကြိုက်တဲ့သူတွေအတွက် Wine menu (ပိုက်စံနဲ့ပါ)

Dining car မှ ပရေရီမြင်ကွင်း

ဗိုက်ပြည့်လို့ ခဏလောက်နေတော့ မှန်ကားတွဲ အောက်ထက်မှာ အဖိုးအဖွားစုံတွဲ country သီချင်းတွေ ဆိုနေတာ သွားနာထောင်နေလိုက်တယ်။
ည ၉နာရီလောက်ကျတော့ အသိတစ်ယောက်က နေ၀င်ချိန်လှတယ်လာပြောတာနဲ့ အပေါ်ထပ်မှာ ပရေရီ နေ၀င်ချိန် သွားငှေးဖြစ်တယ်။ တိမ်တောက်နေတော့ အတော်တော့ ကြည့်လို့ကောင်းသား..
ခဏနေတော့ Mountain time zone ထဲ မနက်ဖြန်မှာ ရောက်တော့မှာမို့လို့ နာရီကို ကြိုပြီး တစ်နာရီ နောက်ဆုတ်ဖို့ စပီကာကနေ လှမ်းပြောနေပါတယ်။

No comments:

Post a Comment