ဘူတာရုံ
Traveller's Open Diary
Tuesday, 6 September 2011
အနောက်ကမ်းမြို့တော် (Day 1)
မနက်၉နာရီလောက်ကျတော့ ဗန်းကူးမြို့ကို ရထားဆိုက်ပါတယ်။ ပစ္စည်းတွေကတော့ ညကတည်းက အဆင်သင့် ထုတ်ပိုးထားတော့ လွယ်ပါတယ်..အထုတ်ဆွဲပြီး ဆင်းယုံပါဘဲ။ ဘူတာကတော့ မြို့ကြီးဘူတာသာဆိုတယ် ရန်ကုန်ဘူတာလောက်တောင် ကြီးတယ်မထင်ဘူး။ ရန်ကုန်ဘူတာထက်စာရင် သန့်တာလေးတစ်ခုဘဲ။ ရထားစီးတဲ့လူ သိပ်မရှိလို့ ဘူတာအကြီးကြီးမလိုတာလဲ ဖြစ်နိုင်ပါတယ်။ ရထားဝန်ထမ်းအပြောအရဆို အစိုးရစီက ထောက်ပံ့ကြေးနဲ့လည်နေတာတဲ့။ ရှုံးတာများပါတယ်တဲ့ခင်ဗျာ။
Wednesday, 31 August 2011
ခရီးစဉ်
ဘလော့ဖတ်တဲ့သူတွေ ဖတ်ရတာ ပိုအဆင်ပြေအောင်လိုVancouver မြို့အကြောင်း ဆက်မရေးခင်မှာ ခရီးစဉ် အကြမ်းဖြင်းကို အရင်ဆုံးရေးပေးပါ့မယ်။ ခရီးစဉ်မရေးဘဲ တစ်မြို့ပြီးတစ်မြို့ ရေးသွားလို့ရှိရင် ဘယ်မြို့ပြီး ဘယ်မြို့လာမှန်းမသိ၊ အထက်ကနေ အောက်ကိုသွားနေလား၊ တောင်ကနေမြောက်ကိုသွားနေလား၊ ဘယ်ကနေ ဘယ်ကို သွားနေမှန်းမသိရင် ဖတ်ရတာ ခေါင်းစားပါလိမ့်မယ်။ ခေါင်းလည်းမစားအောင်၊ ကနေဒါမြို့တွေအနေအထားလည်း ဘလော့ဖတ်တဲ့သူတွေ တီးမိခေါက်မိရှိသွားအောင်လို့ ခရီးစဉ် အကြမ်းဖျဉ်း ချပြပါ့မယ်။
Thursday, 25 August 2011
DAY FOUR - JASPER TO VANCOUVER
ရထားပေါ်ပြန်ရောက်တော့ Jasper မှာ တက်တဲ့ ခရီးသည်တွေနဲ့ရောပြီးတော့ ကျွန်တော်တို့လို့ ခရီးသည်ဟောင်းတွေကိုပါ နားနေခန်းထဲမှာ champagne ရယ် Hors d'oeuvre ရယ်နဲ့ ထပ်ဧည့်ခံပါတယ်။ စခါစကတော့ အားနာနာနဲ့ တစ်ခုဘဲယူရာကနေ စားပွဲထိုးမလေးက ထပ်ယူမလားမေးတာနဲ့ ကျွန်တော်လည်း နောက်တစ်ခု ထပ်ယူဖြစ်လိုက်တယ်။
Champagne
Tuesday, 23 August 2011
DAY FOUR - JASPER
ဒီနေ့ကတော့ ဇူလိုင်လ ၁ရက်နေ့ကျပါတယ်။ ဇူလိုင်လ ၁ရက်နေ့က ဘာနေ့လည်းဆိုတာပြောရရင် ကနေဒါနိုင်ငံရဲ့မွေးနေ့ပါ။ အတိအကျပြောရရင်တော့ နိုင်ငံတည်ထောင်တာ နှစ်၁၄၄နှစ်ပြည့်တဲ့ နေ့ပေါ့ဗျာ။ ဒါကြောင့် မနေ့ညကတည်းက နားနေခန်းထဲက ၀ိုက်ဘုတ်ပေါ်မှာ ဒီနေ့ ၁၂နာရီမှာ နားနေခန်း ၂တွဲစလုံးမှာ ကိတ်မုန့်နဲ့ စည်စည်ပင်ပင် celebrate လုပ်မယ်ဆိုတဲ့အကြောင်း ကြော်ငြာထားပါတယ်။
အဲဒီတော့ ၁၂ နာရီထိုးခါနီးတော့ ကျွန်တော်လည်း နားနေခန်းရှိရာဘက် လစ်လာလိုက်တယ်။ နားနေခန်းရောက်တော့ တာဝန်ကျတဲ့ ၀န်ထမ်းက အလှံတွေလိုက်ဝေနေတယ်။ ကျွန်တော်လည်း သူကမ်းပေးတဲ့ အလှံယူပြီးတော့ ခုံလွတ်မကျန်တော့တာနဲ့ ဘေးမှာ သွားရပ်နေလိုက်တယ်။ လူတော့တော်တော်များသား။
အဲဒီတော့ ၁၂ နာရီထိုးခါနီးတော့ ကျွန်တော်လည်း နားနေခန်းရှိရာဘက် လစ်လာလိုက်တယ်။ နားနေခန်းရောက်တော့ တာဝန်ကျတဲ့ ၀န်ထမ်းက အလှံတွေလိုက်ဝေနေတယ်။ ကျွန်တော်လည်း သူကမ်းပေးတဲ့ အလှံယူပြီးတော့ ခုံလွတ်မကျန်တော့တာနဲ့ ဘေးမှာ သွားရပ်နေလိုက်တယ်။ လူတော့တော်တော်များသား။
Sunday, 21 August 2011
DAY FOUR - TO JASPER
၁၀နာရီဝန်းကျင်လောက်ရောက်တော့ Rockies နယ်မြေထဲစ၀င်ပါတယ်။ ဒီနယ်မြေထဲ ၀င်တယ်ဆိုရင်ဘဲ ဘယ်ညာတစ်လျှောက်မှာ နှင်းဖုန်းနေတဲ့ တောင်တွေ စတွေ့လာရပါတယ်။ တစ်ချို့နေရာတွေမှာဆိုရင် အစိမ်းရောင်ရေကန်တွေ....တစ်ချို့အပိုင်းတွေမှာဆို ရထားလမ်းက တောင်စောင်းတစ်လျှောက် မြွေလိမ်မြွေကောက်ပြေးနေသလို၊ အဲဒီ ရထားလမ်းတစ်လျှောက်မှာ မြစ်တွေကလည်းအပြိုင် စီးနေလို့....တစ်ချို့နေရာတွေမှာကြတော့ လှိုဏ်ဂူတွေထဲ ၀င်လိုက်ထွက်လိုက်နဲ့...ပြောရမယ်ဆိုရင် အရင်ဖြတ်လာခဲ့တဲ့ ပြည်နေတွေထက် ပိုဆန်းတယ်ပေါ့ဗျာ။ ရာသီဥတုကလည်း ကောင်း၊ ရှုခင်းကလည်းလှမလှဆိုတော့ နေခင်းနေ့လယ် တရေးတမော အိပ်တဲ့သူတွေတောင် မှန်ကားထဲမှာ ငှေးနေတာကိုတွေ့ရတယ်။
Sunday, 14 August 2011
DAY FOUR - EDMONTON
ဒီနေ့မနက် ၇နာရီလောက် မှာတော့ Edmonton မြို့သို့ ဆိုက်ပါတယ်။ မိုးတွေကတော့ ညိုလို့ပေါ့ဗျာ။ မိုးတွေညိုနေပေမယ့် အထဲမှာ နေတာကြာတော့ ညီးစီစီဖြစ်လာတာနဲ့ လေကောင်းလေသန့် ရှုရှိုက်ဖို့အတွက် ထွက်လာလိုက်တယ်။ အပြင်လည်းရောက်ရော တိုက်တဲ့လေကပါ အေးနေတာနဲ့ အထဲပြန်ဝင်ပြီး အနွေးထည် သွားယူလိုက်ရသေးတယ်။
Saturday, 13 August 2011
DAY THREE
တတိယမြောက်နေ့ မနက်၉နာရီဝန်းကျင်လောက်မှာ Manitoba မြို့တော် Winnipeg မြို့ကို ရောက်ပါတယ်။ ဒီမြို့မှာ ရထား servicing ၀င်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လျှောက်လည်ဖို့အတွက် ၂နာရီခွဲအချိန်ရမယ်ဆိုတာ မနေ့ကထဲက ကြိုပြောထားတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လျှောက်လည်ခြင် လျှောက်လည်လို့ရသလို၊ ဘယ်နေရာ သွားလည်ရကောင်းမှန်းမသိတဲ့သူတွေအတွက်တော့ ဘူတာမှာ အသင့်စောင့်နေတဲ့ တိုးဂိုက်စီကနေ တိုးလက်မှတ်ကို ဒေါ်လာ၃၀နဲ့လည်း ၀ယ်လို့ရပါတယ်။ စမ်းတ၀ါးဝါးနဲ့ မသွားခြင်တော့တာနဲ့ ကျွန်တော်ကတော့ တိုးဂိုက်နဲ့ဘဲ လည်ဖို့ဆုံးဖြတ်လိုက်တယ်။
Winnipeg ဘူတာရုံ
Subscribe to:
Posts (Atom)